Ye Optical Enterprise စတင်သည့်နှစ် ၁၉၈၅ ခုနစ်

Ye Optical Enterprise ၁၉၉၀တွင် ကွန်ပျူတာဖြင့် မျက်မှန်စမ်းသပ်သော စနစ်ကို၊ မြန်မာနိုင်ငံသို့ ပထမဦးစွာ တင်သွင်းခဲ့ပါသည်။

Ye Optical Enterprise ၁၉၉၃ ခုနစ်တွင် စတင်၍ အီတလီနိုင်ငံ Sfilo.co.Group မှမျက်မှန်ကိုင်းများကို မြန်မာနိုင်ငံအတွင်း တင်သွင်းဖြန့်ချီရောင်းချခဲ့ပါသည်။

Ye Optical Enterprise ရဲမျက်မှန်လုပ်ငန်းကို ကြိုးကိုင်မောင်းနှင်သူများသည် မျက်မှန်ကောင်းတလက် ရရှိနိုင်ရန်အတွက် ထုတ်လုပ်မှုသက်ဆိုင်ရာ စက်ကရိယာများ၊ နာမည်ကျော်မျက်မှန်ကိုင်းများ၊ မျိုးဆက်သစ်မှန်များကို စဉ်ဆက်မပြတ် လေ့လာလျှက်ရှိပြီး ရဲမျက်မှန်ဆိုင်များတွင် တင်သွင်းအသုံးပြုလျက် ရှိနေပါသည်။

Ye Optical Enterprise ကမ္ဘာကျော်အမှတ်တံဆိပ်၊ ပါဝါ၊ နေကာမျက်မှန်မျိုးစုံကို ကိုယ်ပိုင်တင်သွင်း၍၄င်း၊ Branded ကိုယ်စားလှယ်များထံမှ၎င်း၊ Customerများ အမှားအယွင်းမရှိ၊ လွယ်ကူစွာဝယ်ယူနိုင်ရန်၊ ဆိုင်ခွဲတိုင်းတွင် အာမခံဖြင့် ရောင်းချပေးလျက်ရှိပါသည်။

Ye Optical Enterprise ဆိုင်ခွဲ ၄ခုရှိပြီး၊ တိုးချဲ့ဖွင့်လှစ်ရန်လည်းဆောင်ရွက်နေပါသည်။

Ye Optical Enterprise ရဲမျက်မှန်လုပ်ငန်းတွင် မျက်စိအထူးကုဆရာဝန်ကြီး - ၁၅ဦး

Ye Optical Enterprise ဆ/မ လက်မှတ်ပါ မျက်မှန်ကျွမ်းကျင်သူ - ၂ဦး

Ye Optical Enterprise ၀န်ထမ်းဦးရေ - ၆၃ဦး ရှိပြီး အမြင်ချို့ တဲ့သူများကို၊ မျက်မှန် ၁ လက်ဖြင့် မူလအမြင် ပြန်ရစေရန်၊ ကြိုးစားဆောင်ရွက်ပေးလျက် ရှိပါသည်။

Ye Optical Enterprise မျက်စိရောဂါ ကာကွယ်ရန်နှင့် မျက်မှန်ကောင်း ၁ လက်ရရှိရန်အတွက်၊ လိုအပ်သော နေရာတိုင်းတွင်၊ ခေတ်မှီစက်ကရိယာများကို၊ ရဲမျက်မှန်ဆိုင်တိုင်းတွင် တပ်ဆင်ပေးထားပါသည်။

Ye Optical Enterpriseရဲမျက်မှန်၏ မျက်မှန်ကိုင်း လိုအပ်ချက်များကို မည်သည့် ဆိုင်ခွဲတွင် မဆို ၀င်ရောက် ပြင်ဆင် နိုင်ပါသည်။ အပို ပစ္စည်း အပြည့်အစုံ ထားရှိပေးထား ပါသည်။

“ မိဘပြည်သူအားလုံးအတွက် ၊ ရဲမျက်မှန် ”